(ဒေါသထွက်လာ စကားအထာ) (၄)

(၃၁) I'm not stopping you.
ငါမင်းကို မတားပါဘူး။

(၃၂) I'm not joking.
ငါမင်းကို ဟာသလုပ်နေတာမဟုတ်ဘူး။

(၃၃) I'm serious.
အတည်ပြောနေတာ။

(၃၄) Shut up!
တော်စမ်းပါ။

(၃၅) Keep your mouth shut!
ပါးစပ်ပိတ်ထားစမ်းပါ။

(၃၆) He's mad.
ဒီကောင်ရူးနေပြီ။

(၃၇) Calm down!
စိတ်အေးအေးထား။

(၃၈) You don't know what you're doing.
ကိုယ့်ဖာသာကိုယ် ဘာလုပ်နေမှန်းတောင်မသိဘူး။
I know what I'm dong.
ငါသိတယ်၊ ဆရာမလုပ်နဲ့။

(၃၉) It's not fair.
ဒါ မတရားဘူး။

(၄၀) It doesn't make sense.
ဒါ အကျိုးမရှိဘူး။

(ယဉ်ကျေးချိုသာ စကားအထာ) (၁၁)

(၁၀၁) Take it easy!
အေးအေးဆေးဆေးသာလုပ်ပါ။

(၁၀၂) Enjoy yourself!
ပျော်အောင်နေပါ။

(၁၀၃) Put me at the risk
စွန့်စားဖို့ကိန်းပဲ။

(၁၀၄) You deserve it.
ခင်ဗျားနဲ့ ထိုက်တန်ပါတယ်။

(၁၀၅) I thought so / I think so
အဲ့ဒီလို ထင်တာပဲ။

(၁၀၆) Just a little bit / Just a wee bit
နည်းနည်းပါးပါးပါ။
(wee bit ဆိုတာက Scottish စကားပါ။
England, Scotland, Wales, Nothern Ireland ကို
ပေါင်းပြီး United Kingdom လို့ခေါ်ပါတယ်။)

(၁၀၇) Hang on / Hold on
ခဏနော်။

(၁၀၈) Am I on your way?
ကျွန်တော် ခင်ဗျားလမ်းကို ပိတ်နေလား။

(၁၀၉) Is that all?
ဒါပဲလား။

(၁၁၀) He's waving me.
သူကျွန်တော့်ကို တာ့တာလှမ်းပြနေတယ်။


(ယဉ်ကျေးချိုသာ စကားအထာ) (၁၀)

(၉၁) Something like that
အဲ့ဒီလိုမျိုးပေါ့။

(၉၂) I suppose to work today.
ကျွန်တော် ဒီနေ့ အလုပ်လုပ်ရမယ်။
(suppose ဆိုတာ လျာထားတယ်လို့
နားလည်နိုင်ပါတယ်။)

(၉၃) I'm so fussy.
ကျွန်တော်က ဂျီးကိုများတယ်။

(၉၄) You mess that up.
ပွစိတက်အောင်လုပ်ထားသည်။

(၉၅) I'm comfused.
ကျွန်တော်စိတ်ရှုပ်သွားပြီ။

(၉၆) Not at the moment
လောလောဆယ်တော့ မဟုတ်သေးဘူး။

(၉၇) You need a hair cut.
ဆံပင်ညှပ်ဖို့ လိုနေပြီ။

(၉၈) I'm starving.
ဗိုက်အရမ်းဆာနေပြီ။
(hungry လိုပဲ အသုံးများပါတယ်။)

(၉၉) I didn't say that I wouldn't do it.
ကျွန်တော်မလုပ်ဖူးလို့ မပြောခဲ့ပါဘူး။
(အတိတ်က ၀ါကျနှစ်ခုလုံးကို စကားမှာတောင်
V2 သုံးပြီး ပြောရပါတယ်။)

(၁၀၀) I'm on your side.
ကျွန်တော် ခင်ဗျားဘက်မှာရှိတယ်။

 

(ယဉ်ကျေးချိုသာ စကားအထာ) (၉)

(၈၁) It's not wroth it.
မတန်ဘူး။
(ဒီပစ္စည်း မတန်ဘူး။ အလုပ်လုပ်ရတာ မတန်ဘူး
စသည်ဖြင့် သုံးနိုင်ပါတယ်။)

(၈၂)  On my own
ကိုယ့်ဖာသာကိုယ်။
(ကိုယ်ကိုယ်တိုင် (my self) လို့အဓိပ္ပါယ်ရပါတယ်။
အသုံးများတဲ့ စကားလုံးဖြစ်ပါတယ်။)

(၈၃) I'm half asleep.
ကျွန်တော် အိပ်ချင်မူးတူး ဖြစ်နေလို့။

(၈၄) I'm day dreaming.
ကျွန်တော် စိတ်ကူးယဉ်နေလို့။

(၈၅) Warm it up / Heat it
ဒါလေးနွှေးပေးပါ။

(၈၆) Do the button up / Undo the button
အင်္ကျီကြယ်သီး တပ်သည်။ ဖြုတ်သည်။

(၈၇) You don't mind me asking.
မေးတာကို စိတ်မရှိနဲ့နော်။
(စိတ်မရှိပါနဲ့ အသက်ဘယ်လောက်ရှိပြီလဲ ဆိုပြီး
ရှေ့က စကားဦးသန်း သလိုပါပဲ။)

(၈၈) I'll tell you what .....
ကျွန်တော်ပြောပြမယ်.....
(ကိုယ်ပြောမယ့်ဝါကျစဖို့ အစချီတဲ့စကားပါ။)

(၈၉)  What I'm saying is that .....
ကျွန်တော်ပြောတာက .....

(၉၀) That's what I'm saying.
အဲ့ဒါကြောင့် ငါပြောတာပေါ့။



(ယဉ်ကျေးချိုသာ စကားအထာ) (၈)

(၇၁) Breakfast (နံနက်စာ), Lunch (နေ့လည်စာ),
Supper (ညစာ), Dinner(လက်စုံစားပွဲ)
(Dinner ဆိုတာ ညစာလို့သိထားတာကို မေ့ပစ်လိုက်ပါ။
ဒင်နာဆိုတာ မနက်စာကလွဲရင် နေ့လည်စာရော၊ညစာရောကို
ဒင်နာလို့သုံးနိုင်ပါတယ်။ Dinning Room ကိုစားသောက်ခန်းလို့သုံးရင်
Dinner ဆိုတာ ၀ိုင်းဖွဲ့စားသောက်ကြတာလို့ မှတ်ထားလိုက်ပါ။)

(၇၂) Can I have a cupper?
(Cupper ဆိုတာ သောက်စရာအပူ လက်ဖက်ရည်၊ကော်ဖီ၊စသည်တို့ကို
ပေါင်းပြီးသုံးထားတဲ့ စကားလုံးပါ။)

(၇၃) Loo (နောက်ဖေးသွားသည်), WC (water closet, ရေအိမ်),
Toilet (အိမ်သာ), NO(1) NO(2) (အပေါ့၊အလေး),
Pee (ဆီးသွားသည်), Piss (သေးပေါက်သည်),
Wee Wee (ရှူးရှူးပေါက်သည်), Poo (အီးအီးပါသည်),
Passing something (တစ်ခုခုဆင်းနေသည်),
Have you done your business? (မင်းကိစ္စလုပ်လို့ပြီးပြီလား)

(၇၄) Cab, Mini Cab, Taxi
(အင်္ဂလိပ်စကားမှာ Taxi ကို Cab,Mini Cab လို့လည်းသုံးပါတယ်။)

(၇၅) Put the light on/off/out!
Switch the light on/off/out!
Turn the light on/off/out!
(မီးဖွင့်သည်၊ပိတ်သည် ကိုသုံးတဲ့စကားတြွေဖစ်ပါတယ်။)

(၇၆) Off you go (ကဲစလို့ရပြီ),
There you are (ရော့ဒီမှာ), There you go (ရော့ဒီမှာ),
There we go (ဝေး ရပြီ၊ရပြီ), Here we go (အောင်ပြီကွ)

(၇၇)  Ta (တာ့)
ကျေးဇူး။
(ကျေးဇူးဆိုပြီး ပြတ်တောင်းပြတ်တောင်း ပြောသလို အင်္ဂလိပ်လို
Thank You လို့အပြည့်မပြောပဲ တာ့ လို့တစ်လုံးတည်းလည်းပြောနိုင်ပါတယ်။)

(၇၈) Ta Ta (တာ့တာ)
တက်တာပြသည်။
(ဗမာလို တက်တာပြသည်။အင်္ဂလိပ်လို တာ့တာပြသည်။)

(၇၉) I can't hear you!
မကြားရဘူး။
(ငါမင်းပြောတာမကြားရဘူးဆိုပြီး ပြောတဲ့အခါသုံးပါတယ်။)

(80) I didn't hear you.
မကြားလိုက်လို့ပါ။
(မကြားလိုက်လို့ ဆိုပြီးပြောချင်ရင် သုံးနိုင်ပါတယ်။)

(ယဉ်ကျေးချိုသာ စကားအထာ) (၇)

(၆၁) Well
(အင်္ဂလိပ်စကားမှာ ကိုယ်ပြောမယ့်စကားမစခင်
ရှေ့ပြေးအနေနဲ့ Well လို့စပြီးမှဆက်ပြောတတ်ကြပါတယ်။)

(၆၂) Normally
ပုံမှန်ဆိုရင်။
(ပုံမှန်ဆိုရင် ဒီအချိန်ထမင်းစားနေကျဆိုပြီး ဗမာစကားမှာပြောသလို
အင်္ဂလိပ်စကားမှာ Normally နဲ့သုံးပေးရပါတယ်။)

(၆၃) I don't mind
ဘာမှမဖြစ်ဘူး အဆင်ပြေတယ်။
(ဥပမာ။ ။တစ်ယောက်ယောက်က လက်ဖက်ရည်သောက်မလား။
ဘာလုပ်မလား။ညာလုပ်မလား။ လို့ မေးတဲ့အခါ
I don't mind လို့ပြန်ပြောနိုင်ပါတယ်။)

(၆၄) Well done you!
မင်းတော်တယ်။
(တစ်ဖက်လူကို တော်တယ်လို့ချီးမွမ်းချင်ရင် သုံးနိုင်ပါတယ်။)

(၆၅) Can you reach it?
မှီလား။
(ဟိုပစ္စည်းဒီပစ္စည်း မင်းလက်နဲ့လှမ်းလို့မှီရဲ့လားလို့ မေးချင်ရင်သုံးတဲ့စကားပါ။)

(၆၆) Keep in touch with me!
အဆက်သွယ်မပြတ်စေနဲ့နော်။

(၆၇) It means alot to me.
ဒါဟာငါ့အတွက်တော့ အရာရာပါပဲ။

(၆၈) I'm stucking in the traffic.
မီးပွိုင့်မှာပိတ်မိနေတယ်။

(၆၉) It's really tough.
အဲ့ဒါက ခက်တယ်။ (သို့) အဲ့ဒါက ခိုင်တယ်။

(၇၀) I didn't expect that at all.
ဒါကိုလုံးဝမျှော်လင့်မထားဘူး။

(ယဉ်ကျေးချိုသာ စကားအထာ) (၆)

(၅၁) Sweet (အချို)။ Sour (အချဉ်)။ Salty (အငန်)။
Spicy (အစပ်)။ Bitter (အခါး)။

(၅၂) What is it?
ဘာလဲ။အဲဒါဘာလဲ။
Pardon! / I beg your pardon!
ဘာလဲ။
Sorry!
ဘာလဲ။
Say again! / Say that again!
ပြန်ပြောပါဦး။
(အင်္ဂလိပ်စကားပြောတဲ့အခါ မကြားလိုက်လို့
ပြန်ပြောစေချင်တဲ့အခါသုံးတဲ့ စကားလုံးတြွေဖစ်ပါတယ်။)

(၅၃) Oops!
အု(ပ)စ်။
A
အေ။
(အင်္ဂလိပ်စကားမှာ Oops က အားဆိုတဲ့အသံမျိုးဖြစ်ပြီး။
A က ဟေဆိုတဲ့မကြားလို့တုံ့ပြန်တဲ့အသံမျိုးဖြစ်ပါတယ်။)

(၅၄) It's better than nothing!
ဒါက မရှိတာထက်တော့ပိုကောင်းပါတယ်။

(၅၅) Alright then!
ဒါဆိုလည်းကောင်းပြီလေ။
(See you then / Alright then တို့ပြောလေ့ရှိတဲ့အတွက်
then ဆိုတာ ဒါဆိုလည်းဆိုတဲ့ အဓိပ္ပါယ်ထွက်ပါတယ်။)

(၅၆) Not really!
မဟုတ်ဘူး။
(No လို့ပြောတာနဲ့အတူတူပါပဲ။ Not really လို့လည်း
အပြောများကြပါတယ်။)

(၅၇) It's not the end.It's just the begining.
အဆုံးမဟုတ်သေးဘူး။အစပဲရှိသေးတယ်။

(၅၈) Take care!
ဂရုစိုက်သွားပါ။

(၅၉) Come on in!
၀င်လာခဲ့ပါ။

(၆၀) Why not?
ဘာဖြစ်လို့လဲ။
(ဘာလို့မလုပ်တာလဲ။ဘာလို့မသွားတာလဲ။
ဘာလို့မစားတာလဲ ဆိုပြီးပြောတဲ့သဘောပါပဲ။)

(ယဉ်ကျေးချိုသာ စကားအထာ) (၅)

(၄၁) You know me!
ခင်ဗျားလည်းကျွန်တော့်အကြောင်းသိသားပဲ။

(၄၂) I should have done that before.
ဒါကိုအရင်ကတည်းက ကျွန်တော်လုပ်ခဲ့သင့်တယ်။

(၄၃) Anyway
ဘာပဲဖြစ်ဖြစ်လေ။
(စကားပြောရင်ပါလေ့ရှိတဲ့ စကားဆက်ဖြစ်ပါတယ်။)

(၄၄) You are welcome!
ရပါတယ်။နောက်အကူအညီလိုလဲပြောလေ။
It's alright!
ရပါတယ်။
Never mind!
ကိစ္စမရှိပါဘူး။
(အင်္ဂလိပ်စကားမှာ Thank you လို့ပြောတဲ့အခါ You are welcome
လို့ပြန်ပြောရပါတယ်။နောက်လည်းကူညီဦးမယ်ဆိုတဲ့သဘောပါပါတယ်။
It's alright လို့ပြန်ပြောတာကတော့ ဒီတစ်ခေါက်အတွက် ရပါတယ် ဒါပေမယ့်
နောက်လည်းကူညီဦးမယ်ဆိုတဲ့သဘောမပါပါဘူး။တစ်ယောက်ယောက်က
Sorry! လို့ပြောရင်လည်း It's alright! လို့ပဲပြန်ပြောရပါတယ်။
Never mind! ဆိုတာကတော့ စိတ်တော့နည်းနည်းခုတယ် ဒါပေမယ့် ရပါတယ်
ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။)

(၄၅) Actually,
တကယ်တော့။
(စကားပြောရင်ပါလေ့ရှိတဲ့ စကားဆက်ဖြစ်ပါတယ်။)

(၄၆) Don't give up!
အရံှုးမပေးနဲ့။လက်မလျှော့နဲ့။

(၄၇) Trust me!
ကျွန်တော်ပြောတာယုံပါ။

(၄၈) Let it go
လွှတ်လိုက်လေ။လက်ကိုလွှတ်လိုက်ပါ။

(၄၉) oh dear dear
သြော် ဒုက္ခ၊ဒုက္ခ။
(ငြီးတွားတဲ့အခါမှာ သုံးပါတယ်။)

(၅၀) Sorry to give you trouble!
ဒုက္ခပေးသလိုဖြစ်သွားလားမသိဘူး။
(အားနာလိုက်တာ ဒုက္ခပေးသလိုဖြစ်သွားပြီ လို့
ပြောတဲ့သဘောပါပဲ။)

(ဒေါသထွက်လာ စကားအထာ) (၃)

(၂၁) oh my gosh! (or) oh my god!
ဘုရားရေ။

(၂၂) for god sake!
အံ့သြခြင်း၊စိတ်မရှည်ခြင်းစသည်ကိုပြသည့် စကားလုံး။

(၂၃) for goodness sake!
အချည်းနှီးဖြစ်ခြင်း၊စိတ်ဆိုးခြင်း၊စိတ်ပျက်ခြင်း၊
အံ့သြခြင်းကိုပြသည့် စကားလုံး။

(၂၄) piss off!
ထွက်သွားစမ်း။

(၂၅) arsehole!
ဖင်ခေါင်းပဲ။

(၂၆) f**k off!
ထွက်သွားစမ်း။

(၂၇) dammit!
စိတ်ဆိုးခြင်း၊အချည်းနှီးဖြစ်ခြင်းကိုပြသည့် စကားလုံး။

(၂၈) bitch / son of the bitch
ခွေးမ။ခွေးမသား။

(၂၉) bullshit (or) shit
အချည်းနှီးဖြစ်သောအရာ၊စိတ်ပျက်စရာကောင်းသောအရာ။
ချီးထုပ်။

(၃၀) mother f**ker
လုံးဝဥဿုံ နှစ်လိုဖွယ်မရှိသောလူ။
ကိုယ်မေကိုရိုး။

(ဒေါသထွက်လာ စကားအထာ) (၂)

(၁၁) You are trouble maker.
ဒီကောင်ပြဿနာကောင်ပဲ။

(၁၂) I don't care!
ဂရုမစိုက်ဘူး။

(၁၃) I'm not interested in.
စိတ်မဝင်စားဘူး။

(၁၄) Mind your business!
ကိုယ့်အလုပ်ကိုယ်လုပ်။

(၁၅) It's not your business.
ဒါမင်းကိစ္စမဟုတ်ပါဘူး။

(၁၆) Forget it!
မေ့လိုက်တော့။
Just leave it!
ထားလိုက်တော့။

(၁၇) What's the matter with you?
မင်းနဲ့ဘာဆိုင်လဲ။

(၁၈) What's your problem?
မင်းဘာဖြစ်ချင်လဲ။

(၁၉) What do you mean?
ဘာပြောတယ်။

(၂၀) You are naughty.
ဒီကောင်အကျင့်ယုတ်တယ်။

(ဒေါသထွက်လာ စကားအထာ) (၁)

(၁) I'm fed up.
ငါစိတ်ပျက်တယ်ကွာ။
(စိတ်ပျက်တာကို အင်္ဂလိပ်တွေက fed up နဲ့ပြောပါတယ်။)

(၂) Don't swear me!
ငါ့ကိုမဆဲနဲ့။

(၃) Who you think you are?
မင်းကိုယ်မင်းဘာထင်နေလဲ။

(၄) What's wrong with you?
မင်းဘာဖြစ်နေတာလဲ။

(၅) If you say so,
ဒါဆိုလဲ မင်းပြောတဲ့အတိုင်းပဲပေါ့။

(၆) Leave me alone!
ငါ့ဖာသာငါ တစ်ယောက်တည်းနေပါရစေ။

(၇) Clear off!
ဘေးဖယ်ပေး။

(၈) Go away (or) Get away
ငါ့နားမနေနဲ့ သွား။

(၉) He is so aggressive.
ဒီကောင်ရန်လိုနေတယ်။

(၁၀) You are a witness.
မင်းဟာ မျက်မြင်သက်သေပဲ။

(ဟိုသွားဒီလာ စကားအထာ) (၁)

(၁) Please buy the ticket before boarding.
ခရီးမသွားခင်လက်မှတ်အရင်ဝယ်ပါ။

(၂) Stand clear, door's closing.
တံခါးပိတ်မယ် ဘေးဖယ်ပါ။
(ဘက်စ်ကားပေါ်က အလိုလျောက်အဖွင့်၊အပိတ် တံခါးနဲ့
အသင့်အသံသွင်းပြီးသား ကားစပယ်ယာရဲ့အသံဖြစ်ပါတယ်။
လန်ဒန်မှာ တစ်ထပ်ကား၊နှစ်ထပ်ကား၊နှစ်စီးတွဲကားတွေရှိပါတယ်။
အရှေ့ပေါက်က အတက်အတွက်ဖြစ်ပြီး အနောက်ပေါက်က
အဆင်းအတွက်ဖြစ်ပါတယ်။ အရှေ့ပေါက်ကနေတန်းစီတက်ပြီး
oyster လို့ခေါ်တဲ့ prepaid ticket ကို စက်မှာကပ်ရပါတယ်။
ဘက်စ်ကားမှတ်တိုင်တွေကို အဲ့ဒီအသင့်အသံသွင်းပြီးသား
ကားစပယ်ယာက ခေါ်ပေးပါတယ်။ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်ရင်
ကိုယ်နဲ့နီးတဲ့ bell/buzz ကိုနှိပ်ပြီး အသိပေးရပါတယ်။)

(၃) Not in service
ဒီဘက်စ်ကားက လူမတင်သေးပါဘူး။

(၄) This bus terminates here.
ဒီဘက်စ်ကားက ဒီမှာဂိတ်ဆုံးပါပြီ။

(၅) This bus is on diversion.
ဒီဘက်စ်ကားက လမ်းကြောင်းပြောင်းမောင်းမှာပါ။

(၆) This is the last stop.
ဒါနောက်ဆုံးမှတ်တိုင်ပါ။ဂိတ်ဆုံးပါပြီ။

(၇) Next stop
နောက်တစ်မှတ်တိုင်။
(ဘက်စ်ကားမှတ်တိုင်တွေကို stop လို့သုံးပါတယ်။)

(၈) Let me get off, please.
ကျွန်တော့်ကိုဆင်းခွင့်ပြုပါ။

(၉) With permission but at owner's risk.
ပစ္စည်းတင်ချင်တင်ထားပါ။ဒါပေမယ့်ကိုယ့်တာဝန်ပဲနော်။
(ဘက်စ်ကားပေါ်မှာရေးထားတဲ့စာတန်းဖြစ်ပါတယ်။
လန်ဒန်ဘက်စ်ကားတွေမှာ ကားမောင်းသူတစ်ယောက်ပဲ
ပါတဲ့အတွက် ကိုယ့်အထုပ်၊ကိုယ့်တာဝန် ဆိုတဲ့သဘောပါပဲ။)

(၁၀) Please mind the gap between the train and the platform.
ရထားပေါ်တက်တဲ့အခါ သတိထားပါ။
(ရထားနဲ့ပလက်ဖောင်းကြားထဲကို accident ခဏခဏဖြစ်တဲ့အတွက်ကြောင့်
ဘူတာရုံတိုင်းမှာ အမြဲတမ်းအဲလိုအော်ပြီးသတိပေးနေရတာပါ။)