(ဟိုသွားဒီလာ စကားအထာ) (၁)

(၁) Please buy the ticket before boarding.
ခရီးမသွားခင်လက်မှတ်အရင်ဝယ်ပါ။

(၂) Stand clear, door's closing.
တံခါးပိတ်မယ် ဘေးဖယ်ပါ။
(ဘက်စ်ကားပေါ်က အလိုလျောက်အဖွင့်၊အပိတ် တံခါးနဲ့
အသင့်အသံသွင်းပြီးသား ကားစပယ်ယာရဲ့အသံဖြစ်ပါတယ်။
လန်ဒန်မှာ တစ်ထပ်ကား၊နှစ်ထပ်ကား၊နှစ်စီးတွဲကားတွေရှိပါတယ်။
အရှေ့ပေါက်က အတက်အတွက်ဖြစ်ပြီး အနောက်ပေါက်က
အဆင်းအတွက်ဖြစ်ပါတယ်။ အရှေ့ပေါက်ကနေတန်းစီတက်ပြီး
oyster လို့ခေါ်တဲ့ prepaid ticket ကို စက်မှာကပ်ရပါတယ်။
ဘက်စ်ကားမှတ်တိုင်တွေကို အဲ့ဒီအသင့်အသံသွင်းပြီးသား
ကားစပယ်ယာက ခေါ်ပေးပါတယ်။ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်ရင်
ကိုယ်နဲ့နီးတဲ့ bell/buzz ကိုနှိပ်ပြီး အသိပေးရပါတယ်။)

(၃) Not in service
ဒီဘက်စ်ကားက လူမတင်သေးပါဘူး။

(၄) This bus terminates here.
ဒီဘက်စ်ကားက ဒီမှာဂိတ်ဆုံးပါပြီ။

(၅) This bus is on diversion.
ဒီဘက်စ်ကားက လမ်းကြောင်းပြောင်းမောင်းမှာပါ။

(၆) This is the last stop.
ဒါနောက်ဆုံးမှတ်တိုင်ပါ။ဂိတ်ဆုံးပါပြီ။

(၇) Next stop
နောက်တစ်မှတ်တိုင်။
(ဘက်စ်ကားမှတ်တိုင်တွေကို stop လို့သုံးပါတယ်။)

(၈) Let me get off, please.
ကျွန်တော့်ကိုဆင်းခွင့်ပြုပါ။

(၉) With permission but at owner's risk.
ပစ္စည်းတင်ချင်တင်ထားပါ။ဒါပေမယ့်ကိုယ့်တာဝန်ပဲနော်။
(ဘက်စ်ကားပေါ်မှာရေးထားတဲ့စာတန်းဖြစ်ပါတယ်။
လန်ဒန်ဘက်စ်ကားတွေမှာ ကားမောင်းသူတစ်ယောက်ပဲ
ပါတဲ့အတွက် ကိုယ့်အထုပ်၊ကိုယ့်တာဝန် ဆိုတဲ့သဘောပါပဲ။)

(၁၀) Please mind the gap between the train and the platform.
ရထားပေါ်တက်တဲ့အခါ သတိထားပါ။
(ရထားနဲ့ပလက်ဖောင်းကြားထဲကို accident ခဏခဏဖြစ်တဲ့အတွက်ကြောင့်
ဘူတာရုံတိုင်းမှာ အမြဲတမ်းအဲလိုအော်ပြီးသတိပေးနေရတာပါ။)