(ယဉ်ကျေးချိုသာ စကားအထာ) (၉)

(၈၁) It's not wroth it.
မတန်ဘူး။
(ဒီပစ္စည်း မတန်ဘူး။ အလုပ်လုပ်ရတာ မတန်ဘူး
စသည်ဖြင့် သုံးနိုင်ပါတယ်။)

(၈၂)  On my own
ကိုယ့်ဖာသာကိုယ်။
(ကိုယ်ကိုယ်တိုင် (my self) လို့အဓိပ္ပါယ်ရပါတယ်။
အသုံးများတဲ့ စကားလုံးဖြစ်ပါတယ်။)

(၈၃) I'm half asleep.
ကျွန်တော် အိပ်ချင်မူးတူး ဖြစ်နေလို့။

(၈၄) I'm day dreaming.
ကျွန်တော် စိတ်ကူးယဉ်နေလို့။

(၈၅) Warm it up / Heat it
ဒါလေးနွှေးပေးပါ။

(၈၆) Do the button up / Undo the button
အင်္ကျီကြယ်သီး တပ်သည်။ ဖြုတ်သည်။

(၈၇) You don't mind me asking.
မေးတာကို စိတ်မရှိနဲ့နော်။
(စိတ်မရှိပါနဲ့ အသက်ဘယ်လောက်ရှိပြီလဲ ဆိုပြီး
ရှေ့က စကားဦးသန်း သလိုပါပဲ။)

(၈၈) I'll tell you what .....
ကျွန်တော်ပြောပြမယ်.....
(ကိုယ်ပြောမယ့်ဝါကျစဖို့ အစချီတဲ့စကားပါ။)

(၈၉)  What I'm saying is that .....
ကျွန်တော်ပြောတာက .....

(၉၀) That's what I'm saying.
အဲ့ဒါကြောင့် ငါပြောတာပေါ့။