(ယဉ်ကျေးချိုသာ စကားအထာ) (၈)

(၇၁) Breakfast (နံနက်စာ), Lunch (နေ့လည်စာ),
Supper (ညစာ), Dinner(လက်စုံစားပွဲ)
(Dinner ဆိုတာ ညစာလို့သိထားတာကို မေ့ပစ်လိုက်ပါ။
ဒင်နာဆိုတာ မနက်စာကလွဲရင် နေ့လည်စာရော၊ညစာရောကို
ဒင်နာလို့သုံးနိုင်ပါတယ်။ Dinning Room ကိုစားသောက်ခန်းလို့သုံးရင်
Dinner ဆိုတာ ၀ိုင်းဖွဲ့စားသောက်ကြတာလို့ မှတ်ထားလိုက်ပါ။)

(၇၂) Can I have a cupper?
(Cupper ဆိုတာ သောက်စရာအပူ လက်ဖက်ရည်၊ကော်ဖီ၊စသည်တို့ကို
ပေါင်းပြီးသုံးထားတဲ့ စကားလုံးပါ။)

(၇၃) Loo (နောက်ဖေးသွားသည်), WC (water closet, ရေအိမ်),
Toilet (အိမ်သာ), NO(1) NO(2) (အပေါ့၊အလေး),
Pee (ဆီးသွားသည်), Piss (သေးပေါက်သည်),
Wee Wee (ရှူးရှူးပေါက်သည်), Poo (အီးအီးပါသည်),
Passing something (တစ်ခုခုဆင်းနေသည်),
Have you done your business? (မင်းကိစ္စလုပ်လို့ပြီးပြီလား)

(၇၄) Cab, Mini Cab, Taxi
(အင်္ဂလိပ်စကားမှာ Taxi ကို Cab,Mini Cab လို့လည်းသုံးပါတယ်။)

(၇၅) Put the light on/off/out!
Switch the light on/off/out!
Turn the light on/off/out!
(မီးဖွင့်သည်၊ပိတ်သည် ကိုသုံးတဲ့စကားတြွေဖစ်ပါတယ်။)

(၇၆) Off you go (ကဲစလို့ရပြီ),
There you are (ရော့ဒီမှာ), There you go (ရော့ဒီမှာ),
There we go (ဝေး ရပြီ၊ရပြီ), Here we go (အောင်ပြီကွ)

(၇၇)  Ta (တာ့)
ကျေးဇူး။
(ကျေးဇူးဆိုပြီး ပြတ်တောင်းပြတ်တောင်း ပြောသလို အင်္ဂလိပ်လို
Thank You လို့အပြည့်မပြောပဲ တာ့ လို့တစ်လုံးတည်းလည်းပြောနိုင်ပါတယ်။)

(၇၈) Ta Ta (တာ့တာ)
တက်တာပြသည်။
(ဗမာလို တက်တာပြသည်။အင်္ဂလိပ်လို တာ့တာပြသည်။)

(၇၉) I can't hear you!
မကြားရဘူး။
(ငါမင်းပြောတာမကြားရဘူးဆိုပြီး ပြောတဲ့အခါသုံးပါတယ်။)

(80) I didn't hear you.
မကြားလိုက်လို့ပါ။
(မကြားလိုက်လို့ ဆိုပြီးပြောချင်ရင် သုံးနိုင်ပါတယ်။)