(ယဉ်ကျေးချိုသာ စကားအထာ) (၅)

(၄၁) You know me!
ခင်ဗျားလည်းကျွန်တော့်အကြောင်းသိသားပဲ။

(၄၂) I should have done that before.
ဒါကိုအရင်ကတည်းက ကျွန်တော်လုပ်ခဲ့သင့်တယ်။

(၄၃) Anyway
ဘာပဲဖြစ်ဖြစ်လေ။
(စကားပြောရင်ပါလေ့ရှိတဲ့ စကားဆက်ဖြစ်ပါတယ်။)

(၄၄) You are welcome!
ရပါတယ်။နောက်အကူအညီလိုလဲပြောလေ။
It's alright!
ရပါတယ်။
Never mind!
ကိစ္စမရှိပါဘူး။
(အင်္ဂလိပ်စကားမှာ Thank you လို့ပြောတဲ့အခါ You are welcome
လို့ပြန်ပြောရပါတယ်။နောက်လည်းကူညီဦးမယ်ဆိုတဲ့သဘောပါပါတယ်။
It's alright လို့ပြန်ပြောတာကတော့ ဒီတစ်ခေါက်အတွက် ရပါတယ် ဒါပေမယ့်
နောက်လည်းကူညီဦးမယ်ဆိုတဲ့သဘောမပါပါဘူး။တစ်ယောက်ယောက်က
Sorry! လို့ပြောရင်လည်း It's alright! လို့ပဲပြန်ပြောရပါတယ်။
Never mind! ဆိုတာကတော့ စိတ်တော့နည်းနည်းခုတယ် ဒါပေမယ့် ရပါတယ်
ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။)

(၄၅) Actually,
တကယ်တော့။
(စကားပြောရင်ပါလေ့ရှိတဲ့ စကားဆက်ဖြစ်ပါတယ်။)

(၄၆) Don't give up!
အရံှုးမပေးနဲ့။လက်မလျှော့နဲ့။

(၄၇) Trust me!
ကျွန်တော်ပြောတာယုံပါ။

(၄၈) Let it go
လွှတ်လိုက်လေ။လက်ကိုလွှတ်လိုက်ပါ။

(၄၉) oh dear dear
သြော် ဒုက္ခ၊ဒုက္ခ။
(ငြီးတွားတဲ့အခါမှာ သုံးပါတယ်။)

(၅၀) Sorry to give you trouble!
ဒုက္ခပေးသလိုဖြစ်သွားလားမသိဘူး။
(အားနာလိုက်တာ ဒုက္ခပေးသလိုဖြစ်သွားပြီ လို့
ပြောတဲ့သဘောပါပဲ။)