Showing posts with label GENERAL. Show all posts
Showing posts with label GENERAL. Show all posts

(အခေါ်အဝေါ်)

(အောက်ပါအသုံးအနှုံးများသည် သူငယ်ချင်း၊မိတ်ဆွေတို့နှင့်
ပြောဆိုသည့်အခါမှာ သုံးကြပါသည်။
သမီးရည်းစားအသုံးအနှုံးများဟု မမှတ်ယူသင့်ပါ။
အင်္ဂလိပ်စကားသည် မည်သည့်အရွယ်နှင့်စကားပြောပြော
ဦး၊ဒေါ်၊မ၊ကို တပ်ပြီးပြောစရာမလိုပါ။သူနှစ်သက်သည့်
နမည်ကိုခေါ်ပြီး စကားပြောဆိုကြလျှင် ယဉ်ကျေးပြီဖြစ်ပါသည်။)

(၁) MY LOVE (OR) LOVE
ချစ်ဆွေ။
(love လို့ခေါ်တိုင်းတစ်မျိုးမထင်ပါနဲ့။
ချစ်ဆွေလို့နားလည်လိုက်ပါ။)

(၂) MY DEAR (OR) DEAR
ချစ်ဆွေ။
(my dear ဆိုတာကတော့ ပိုအသုံးများပြီး
လူတိုင်းနဲ့အသင့်တော်ဆုံးပါပဲ။)

(၃) DARLING
ဒါလင်
(ယောက်ျားလေးရော၊မိန်းခလေးရော သုံးနိုင်ပါတယ်။
ဒါပေမယ့်အရမ်းမရင်းနှီးရင် ရှောင်သင့်ပါတယ်။)

(၄) SWEETHEART
ချစ်ရသူ
(အကြီးကအငယ်ကို ဒီလိုခေါ်မှသာ
သင့်တော်တယ်လို့ ထင်ပါတယ်။)

(၅) MATE
ရောင်းရင်း
(အသုံးများပြီး၊လူတိုင်းကိုခေါ်ဝေါ်နိုင်ပါတယ်။)

(၆) LAD
လူလေး
(လူကြီးတွေက၊လူငယ်တွေကို သုံးတဲ့စကားလုံးပါ။
You're good lad.)

(၇) YOUNG MAN
လူငယ်လေး
(လူကြီးကလူငယ်ကိုခေါ်တဲ့စကားလုံးပါ။)

(၈) YOUNG LADY
လုံမလေး
(လူကြီးကလူငယ်ကိုခေါ်တဲ့စကားလုံးပါ။)

(၉) BROTHER (OR) BRO
အစ်ကို၊ညီ
(ယောက်ျားလေးအချင်းချင်းအသုံးများပါတယ်။)

(၁၀) SISTER (OR) SIS
အစ်မ၊ညီမ
(မိန်းခလေးအချင်းချင်းအသုံးများပါတယ်။)

(၁၁) GENTLEMAN
လူတော်လူကောင်းလေး။အမျိုးသား။

(၁၂) LADY
လူတော်လူကောင်းမလေး။အမျိုးသမီး။

(၁၃) HEY, MAN
ဟေ့လူ။
(ယောက်ျားလေးအချင်းချင်းအသုံးများပါတယ်။)

(ဟင်ဒီစကားမှ မွေးစားစကားလုံးများ)




(ရာစုနှစ်တစ်စုစာတိုင်းတစ်ပါးလက်အောက်ရောက်ခဲ့ရပြီး၊
အင်္ဂလိပ်တို့ခေါ်ဆောင်လာသည့် အိန္ဒိယလူမျိုးနှင့်ဂေါ်ရခါးလူမျိုးတို့ဧ။် 
ဟင်ဒီစကားမြှမန်မာစကားသို့ ကူးပြောင်းလာသည့်
ဘာသာစကား migration တစ်ခုဖြစ်သည်။)