(ယဉ်ကျေးချိုသာ စကားအထာ) (၃)

(၂၁) Nice and Sweet
ချိုချိုလေး။
Nice and Warm
နွေးနွေးလေး။
Nice and Tall
မတ်မတ်လေး။
(Nice နဲ့ adj တစ်ခုခုနဲ့ တွဲသုံးပြီးပြောတတ်ကြပါတယ်။
Can I have a cup of tea, please? Nice and Sweet!
လက်ဖက်ရည်တစ်ခွက်လောက်ရမလား။ချိုချိုလေးနော်။)

(၂၂) Let me get a pen.
ဖောင်တိန်သွားယူလိုက်ဦးမယ်။
(Let me ဆိုတဲ့ခွင့်တောင်းတဲ့ စကားလုံးကို
အမြဲလိုလိုသုံးနှုံးပြီး ပြောဆိုကြပါတယ်။)

(၂၃) I'm like your sister.
ငါကမင်းအစ်မလိုပဲ။

(၂၄) I'm freezing. (or) I'm boiling.
ကျွန်တော်အရမ်းအေးနေပြီ။ (သို့)
ကျွန်တော်အရမ်းပူနေပြီ။
(အင်္ဂလန်မှာ ဆောင်းဆိုအရမ်းအေးပြီး၊
နွေဆိုအရမ်းပူလို့ ဒီလိုပြောကြတာလို့ထင်ပါတယ်။)

(၂၅) It's a bit chilly.
နည်းနည်းချမ်းစိမ့်စိမ့်နိုင်တယ်နော်။
(chilly ဆိုတဲ့စကားလုံးကိုအသုံးများပါတယ်။
နည်းနည်းဆိုတာကိုပြောချင်ရင်
a little bit / just a little bit / just a bit ဆိုပြီး
ပြောရပါတယ်။)

(၂၆) I'm starving.
ကျွန်တော်အရမ်းဗိုက်ဆာနေပြီ။
(hungry ကိုလည်းသုံးပါတယ်။
starving ကိုလည်းအသုံးများပါတယ်။)

(၂၇) I'm dry.
ရေငတ်လိုက်တာ။အာခြောက်လိုက်တာ။
(ရေဆာတာကို I'm dry ဆိုပြီး ပြောလေ့ရှိပါတယ်။)

(၂၈) I'm comming. (or) comming
လာပါပြီ။
(တစ်ယောက်ယောက်ကလှမ်းခေါ်ရင်
လာပြီ ဆိုပြီးပြန်ပြောရင်သုံးပါတယ်။)

(၂၉) It's not working.
ဒါ အလုပ်မလုပ်ဘူး။
(တစ်ခုခုပျက်နေရင် ဒါ အလုပ်မလုပ်ဘူးလို့ပြောသလိုပါပဲ။)

(၃၀) later on
နောက်မှ။
(I'm comming back later on. ကျွန်တော်နောက်မြှပန်လာမယ်။
ဆိုပြီးသုံးနှုံးပါတယ်။ later ရဲ့နောက်မှာ on တွဲသုံးပြီးပြောသွားပါတယ်။)