(ယဉ်ကျေးချိုသာ စကားအထာ) (၂)

(၁၁) It's up to you!
မင်းသဘောပဲလေ။
(မင်းသဘောပဲလေလို့ ပြောချင်ရင်
It's up to you လို့သုံးရပါမယ်။
as you like ဆိုတာကိုဝါကျလိုက် ပြောတဲ့အခါမှသာ
သုံးသင့်ပါတယ်။ as you like (မင်းသဘောပဲလေ) ဆိုပြီး
မပြောကောင်းပါဘူး။)

(၁၂) Thanks for comming in!
လာတဲ့အတွက်ကျေးဇူးပဲနော်။
(comming in ဆိုပြီးသဒ္ဒါအပြည့်အစုံနဲ့ပြောပါတယ်။
grammer တတ်ပြီ၊ usage အထာနက်ပြီ ဆိုရင်
အင်္ဂလိပ်စကားတတ်ပြီလို့ပြောလို့ရမယ်ထင်ပါတယ်။)

(၁၃) I didn't mean it!
ကျွန်တော်အဲလိုမရည်ရွယ်ပါဘူး။
(စကားမှားသွားတာပဲဖြစ်ဖြစ်၊အလုပ်တစ်ခုခုမှားသွားတာပဲဖြစ်ဖြစ်
ကိုယ်မရည်ရွယ်တဲ့အကြောင်းကို I didn't mean it! လို့ပြောရပါတယ်။)

(၁၄) Can you give me a hand please?
တစ်ဖက်လောက် ကူပါဦး။
(ကူပါဦးမပြောပဲနဲ့ တစ်ဖက်လောက်ဆိုပြီး မြန်မာလိုပြောသလိုပါပဲ။)

(၁၅) Can you pass it to me please?
အဲဒါလေးကျွန်တော့်ဆီကို ကမ်းလိုက်ပါ။
(အဲဒါလေးပေးပါလို့မပြောပဲနဲ့ အဲဒါလေးကမ်းလိုက်ပါလို့ပြောသလိုပါပဲ။)

(၁၆) Are you waiting for something?
မင်းတစ်ခုခုစောင့်နေတာလား။

(၁၇) Please take a seat! (or) Please have a seat!
ကျေးဇူးပြု၍ ထိုင်ပါဦး။

(၁၈) Sorry, who am I talking to?
ကျွန်တော်ဘယ်သူ့ကိုစကားပြောနေတာပါလဲ။
(ဖုန်းထဲမှာဖြစ်ဖြစ်၊အပြင်မှာဖြစ်ဖြစ် ဘယ်သူလဲလို့သိချင်တဲ့အခါ
ယဉ်ယဉ်ကျေးကျေးမေးလိုက်တာဖြစ်ပါတယ်။)

(၁၉) You're free to go.
မင်းသွားလို့ရပါပြီ။
(You can go တို့ You may go တို့နဲ့ အတူတူပါပဲ)

(၂၀) You've got the time, please?
ဘယ်နနာရီရှိပြီလဲခင်ဗျာ။
What's the time now?
ခုဘယ်နနာရီရှိပြီလဲ။
(ကိုယ့်ဘေးကလူကိုဖြစ်ဖြစ်၊လမ်းကြုံတဲ့သူကိုဖြစ်ဖြစ်
ဘယ်နနာရီရှိပြီလဲမသိဘူးလို့မေးလိုတဲ့အခါမှာသုံးတဲ့
စကားဖြစ်ပါတယ်။)