(ယဉ်ကျေးချိုသာ စကားအထာ) (၁)

(၁) How are you doing? (or) How are you?
Are you alright? / I'm alright.
နေကောင်းလား။
(အင်္ဂလိပ်တွေက doing ဆိုပြီး ing သုံးပြီးပြောတတ်ကြပါတယ်။
alright ဆိုတဲ့စကားလုံးကိုလည်း အလွန်အသုံးများကြပါတယ်။)

(၂) Could you do me a favour?
တစ်ခုလောက်ကူညီပေးနိုင်မလား။

(၃) It's alright. (or) It's ok.
ရပါတယ်။
(ရပါတယ်ဆိုတာကို တခြားစကားလုံးတွေရှိပေမယ့်
အင်္ဂလိပ်တွေကတော့ ဒါကိုပဲအများစုသုံးကြပါတယ်။)

(၄) Would you like a cup of tea?
လက်ဖက်ရည်သောက်မလား။
(tea တစ်ခုတည်းမသုံးပါဘူး။cup of tea လို့အမြဲတမ်းတွဲသုံးပါတယ်။
လက်ဖက်ရည်နဲ့ဧည့်ခံတာဟာ အင်္ဂလိပ်တွေရဲ့ရိုးရာဖြစ်ပါတယ်။
လက်ဖက်ရည်ကို အလွန်နှစ်ခြိုက်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။)

(၅) Yes, please (or) No, thanks
ဟုတ်ကဲ့ ပေးပါ။ (သို့) နေပါစေတော့ ကျေးဇူးတင်ပါတယ်။
(လက်ဖက်ရည်သောက်မလားလို့မေးလာတဲ့အခါ
သောက်မယ်ဆိုရင် Yes, please
မသောက်တော့ပါဘူးဆိုရင် No, thanks ပေါ့။)

(၆) I'm full up.
ကျွန်တော်ဗိုက်ပြည့်နေပြီ။
(ဗိုက်ပြည့်တာကို full up ဆိုပြီးသုံးပါတယ်။)

(၇) Thanks (or) Ta
ကျေးဇူး။
(မြန်မာလို ကျေးဇူးဆိုပြီးအတိုချုံ့ပြောသလိုပါပဲ။
Thanks ကို (တာ့) လို့လည်းပြောလေ့ရှိပါတယ်။)

(၈) Very kind of you
သိပ်တော်တာပဲ။သိပ်ကြင်နာတတ်တာပဲ။
You are a good lad
မင်းဟာလူတော်လေးပဲ။
You are an angel
မင်းဟာအိန်ဂျယ်လေးပဲ။
(ကျေးဇူးတင်ပါတယ်လို့ပြောကြတဲ့အခါတိုင်း
နောက်ကနေထပ်ကွန့်ပြီး ထည့်ပြောလေ့ရှိတဲ့
စကားလုံးများဖြစ်ပါတယ်။အင်္ဂလိပ်တွေဟာ
ယဉ်ကျေးပြီးနန်းဆန်သူတွေလို့မှတ်ယူနိုင်ပါတယ်။)

(၉) Sorry about that! (or) I'm sorry about that.
တောင်းပန်ပါတယ်။
I do apologize.
ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်။
(တောင်းပန်ပါတယ်ဆိုတာကို sorry about that ဆိုပြီး
about that နဲ့တွဲပြောပါတယ်။
I do apologize ဆိုပြီးတောင်းပန်တာကို
ပိုဒီဂရီမြင့်ပြီး၊ပိုလေးနက်စေချင်တဲ့အခါမှာ
ပြောကြပါတယ်။)

(၁၀) I'm sorry to keep you waiting.
စောင့်နေရတဲ့အတွက်တောင်းပန်ပါတယ်။
(စောင့်ရတာကိုဘယ်သူမဆိုမကြိုက်ပါဘူး။
အဲ့ဒါကြောင့်တောင်းပန်စကားပြောပေးရပါတယ်။
ဒီဝါကျကိုပဲပြောလေ့ပြောထရှိပါတယ်။)