(စျေးသွားစျေးလာ စကားအထာ)

(၁) Eat in (or) Take away
ဆိုင်စားလား။ပါဆယ်လား။
(ဆိုင်ထဲမှာထိုင်စားရင် Eat in လို့သုံးပြီး
ပါဆယ်ထုတ်မယ်ဆိုရင် Take away လို့သုံးရပါတယ်။)

(၂) Take away service is availabe.
ပါဆယ်ထုတ်သွားလို့ရပါတယ်။

(၃) Service's not included.
၀န်ဆောင်ခမပါသေးပါဘူး။
(စားသောက်ဆိုင်မှာစားတဲ့အခါ ပိုက်ဆံရှင်းမယ်ဆိုရင်
ပန်းကန်ပြာလေးပေါ်မှာ bill စာရွက်တင်ပြီးလာချပါတယ်။
bill ထဲမှာဝန်ဆောင်ခ ထည့်မတွက်ထားတဲ့အတွက်
ပန်းကန်ပြားထဲကို tips ထည့်ပေးချင်ရင်ထည့်ပေးပါလို့ပြောတာပါ။)

(၄) Please, call us again!
နောက်လည်းလာစားနော်။
(တချို့စားသောက်ဆိုင်တွေမှာ အဲလိုရေးထားတတ်ပါတယ်။
နောက်လည်းလာစားဦးနော်ဆိုပြီးပြောတဲ့သဘောပါပဲ။)

(၅) Can you queue, please?
ကျေးဇူးပြု၍တန်းစီပေးပါ။
(ဆိုင်မှာပိုက်ဆံရှင်းရင်ဖြစ်ဖြစ်၊ဘက်စ်ကားပေါ်တက်ရင်ဖြစ်ဖြစ်၊
ဘယ်နေရာမှာမဆို တိုးဝှေ့ကျော်တက်တာမျိုးမလုပ်သင့်ပါဘူး။
ရိုင်းပါတယ်။လူကြီးသူမတွေ၊ကလေးအမေနဲ့ဗိုက်ကြီးသည်တွေ၊
မိန်းခလေးတွေ စသည်ဖြင့်ယဉ်ကျေးမှုအရ ဦးစားပေးရပါတယ်။)

(၆) Buy one, Get one free
တစ်ခုဝယ်ရင် နောက်တစ်ခုကိုအလကားယူ။
(ဆိုင်တွေမှာစျေးဝယ်ရင် ပစ္စည်းတွေပေါ်မှာ စျေးနှုန်းတွေနဲ့အတူ
offer ပေးတဲ့ အဲဒီလိုစာတမ်းမျိုးတွေ တွေ့ရတတ်ပါတယ်။)

(၇) We open till late
မိုးချုပ်တဲ့အထိ ဆိုင်ဖွင့်ပါတယ်။
(ဆိုင်အစောကြီးမပိတ်တဲ့အကြောင်း၊နောက်ကျလည်း
လာဝယ်နိုင်တဲ့အကြောင်းရေးထားတဲ့ စာတမ်းမျိုးဖြစ်ပါတယ်။)

(၈) to the fitting room
အဝတ်လဲခန်းသို့။

(၉) I don't design cloths but I design dreams.
အဝတ်တွေကိုဒီဇိုင်းထွင်တာမဟုတ်ပါဘူး
စိတ်ကူးတွေကိုဒီဇိုင်းထွင်တာပါ။

(၁၀) 50% OFF (or) HALF PRICE
ထက်ဝက်စျေး။
SALE
စျေးချပြီ။
CLOSING DOWN
ဆိုင်အရင်းပြုတ်ပြီ အကုန်ရောင်းထုတ်သည်။
(ဒီစကားလုံးတွေက စျေးဆိုင်တွေမှာသုံးနှုံးလေ့ရှိပါတယ်။)